သူငယ်ချင်း....
မင်း.. ငါ အချစ်ဆုံး သူငယ်ချင်း...
ဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲကွာ...
ငါ့သစ္စာအတိုင်း မင်းကို အမြဲ သတိရနေတယ်ကွာ...။
ရင်ထဲမှာ ပြောစရာတွေ သိမ်းပိုက်ရင်းနဲ့
မင်းနဲ့ ဆုံမယ့်ရက်ကို မျှော်လင့်နေတယ်..။
ဖြူစင်တဲ့ သံယောဇဉ်.. ကြည်လင်တဲ့ အတွေးနဲ့
မင်းကို မြင်ယောင်ရင်း လွမ်းနေတယ်....။
အတူရှိတဲ့ နေ့ရက်တွေ အများကြီး မရှိခဲ့ပေမယ့်..
ငါ့ရဲ့ အတွေး.. စိတ်ကူး.. နဲ့ ရင်ထဲမှာတော့ မင်း အမြဲ ရှိနေတယ်..။
ငါ ဘာလုပ်လုပ်.. ဘယ်ရောက်ရောက်.. မင်းဟာ ငါ့ရင်ထဲက အချစ်ဆုံးတစ်ယောက်ပါ...။
မဖြစ်နိုင်တော့ပေမဲ့.. ဖြစ်ခွင့်ရှိဦးမယ်ဆိုရင် မင်းနဲ့ အတူရှိနေခဲ့တဲ့ ကျောင်းသားဘဝကို ပြန်ရချင်တယ်..။
မင်းနဲ့ ငါ့ကြားမှာ စကားလုံးတွေ အများကြီး မလိုဘူးဆိုတာ..
မင်းရော ငါပါ သိပြီးသားပါ..။
ငါ ဘယ်သူနဲ့ပဲ ချစ်ချစ်... ဘယ်သူနဲ့ပဲ နေနေ...
မင်းက ငါ့နှလုံးသားမှာ မင်းမူးစဲပဲ...
မင်းပြောခဲ့တယ်...
ငါ ရူးနေပြီတဲ့...
မင်းသိပါတယ်.. မင်းကြောင့် ငါ ရူးသွပ်ခဲ့တယ်ဆိုတာ...
ငါတို့နှစ်ယောက် ဖြူစင်ခဲ့ခြင်းက ငါ့ကို့ ပိုရူးသွပ်စေခဲ့တယ်..။
သူငယ်ချင်း.... ငါ.. မင်းကို ချစ်တယ်..။
No comments:
Post a Comment